သက်သေခံအက်ဥပဒေကို ပိုင်းခြားခြင်း (အပိုင်း-၁)
သက်သေခံအက်ဥပဒေ
၁၈၇၂ ခုနှစ်၊ အိန္ဒိယအက်ဥပဒေ
အမှတ် (၁)
၁၈၇၂ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်
အပိုင်း (၃)ပိုင်း၊ အခန်း (၁၂)ခန်း၊ ပုဒ်မ
(၁၆၇)ခု
ပုဒ်မ
၁၈၊ ၁၉၊ ၂၀ အထိ ဝန်ခံချက်များ (Admissions)၊ ပုဒ်မ ၅၂၊ ၅၅ တွင် အကျင့်စာရိတ္တ
(Character) နှင့် ပုဒ်မ ၁၁၅၊ ၁၁၆၊ ၁၁၇ ထိ သက်သေခံကို ပိတ်ပစ်ခြင်း (Estoppel) စသည့်ပုဒ်မများသည်
တရားမမှုနှင့်သာ သက်ဆိုင်သည်။
ပုဒ်မ
၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀ အထိ ဖြောင့်ချက်များ (Confessions)၊ ပုဒ်မ ၅၃၊ ၅၄ တွင်
အကျင့်စာရိတ္တ (Character) နှင့် ပုဒ်မ ၁၅၅(၄) တွင် မုဒိမ်းမှုများ၌ တရားလိုမ၏ အကျင့်စာရိတ္တတို့မှာ
ရာဇဝတ်မှုများနှင့်သာ သက်ဆိုင်သည်။
မှန်သည်ဟု
မှတ်ယူနိုင်ခြင်း (May Presume) ပုဒ်မ ၈၆၊ ၈၇၊ ၈၀၊ ၉၀၊ ၁၀၄ တို့တွင် ပြဌာန်းထားသည်။
မှန်သည်ဟု
မှတ်ယူရခြင်း (Shall Presume) ပုဒ်မ ၇၉၊ ၈၀၊ ၈၁၊ ၈၂၊ ၈၃၊ ၈၅၊ ၈၉၊ ၁၀၅ တို့ဖြစ်သည်။
မုချမှန်သည်ဟု
ထင်ရှားခြင်း (Conclusive Proof) ပုဒ်မ ၄၁၊ ၁၁၂ တို့တွင် ပြဌာန်းထားသည်။
အပိုင်း (၁) - အကြောင်းခြင်းရာ၏ စပ်ဆိုင်ခြင်း
(ပုဒ်မ - ၅ မှ ၅၅)
အကြောင်းခြင်းရာများ စပ်ဆိုင်ခြင်း (ပုဒ်မ
- ၅ မှ ၁၆)
ပုဒ်မ ၅ ။ အငြင်းထွက်အကြောင်းခြင်းရာနှင့်
စပ်ဆိုင်သောအကြောင်းခြင်းရာများကို သက်သေခံတင်ပြနိုင် ခြင်း
ပုဒ်မ ၆ ။ ကိစ္စတစ်ခုတည်းတွင်ပါဝင်သော
အကြောင်းခြင်းရာများသည် စပ်ဆိုင်ခြင်း
ပုဒ်မ ၇ ။ အငြင်းထွက်အကြောင်းခြင်းရာများနှင့်
အခွင့်အခါ ကြုံကြိုက်သော၊ အကြောင်းဖြစ်စေသော (သို့) အကျိုးဖြစ် စေသော အကြောင်းခြင်းရာများ
ပုဒ်မ ၈ ။ လှုံဆော်ခြင်း၊
ပြင်ဆင်ခြင်းနှင့် မဖြစ်ပွားမီ (သို့) ဖြစ်ပွားပြီးနောက် အမူအရာ
ပုဒ်မ ၉ ။ စပ်ဆိုင်သောအကြောင်းခြင်းရာများကို
ရှင်းလင်းရန် (သို့) ထုတ်ဖော်ရန် လိုအပ်သော အကြောင်း ခြင်းရာများ
ပုဒ်မ ၁၀ ။ တူညီသော
ကြံစည်မှုနှင့်ပတ်သက်၍ ပူးပေါင်းကြံစည်သူတို့၏ ပြောဆိုချက် (သို့) ပြုလုပ်ချများ
ပုဒ်မ ၁၁ ။ အခြားနည်းဖြင့်
မစပ်ဆိုင်သော အကြောင်းခြင်းရာများသည် မည်သည့်အခါ စပ်ဆိုင်လာခြင်း
ပုဒ်မ ၁၂ ။ လျော်ကြေးစွဲဆိုသော တရားမမှုများတွင် တရားရုံးကလျော်ကြေးငွေ သတ်မှတ်နိုင်ရန်အထောက် အကူဖြစ်စေမည့် အကြောင်းခြင်းရာများ (Civil)
ပုဒ်မ ၁၃ ။ အခွင့်အရေး
(သို့) ဓလေ့ထုံးစံ ရှိ/မရှိ ပြဿနာတွင် စပ်ဆိုင်သောအကြောင်းခြင်းရာများ
ပုဒ်မ ၁၄ ။ စိတ်(သို့)
ကိုယ်ခန္ဓာ ခံစားမှုတို့၏ အခြေအနေကိုဖော်ပြသော အကြောင်းခြင်းရာများ
ပုဒ်မ ၁၅ ။ ပြုလုပ်မှုသည် မတော်တဆ (သို့) တမင် ဖြစ်သည်/မဖြစ်သည်ဆိုသော ပြဿနာနှင့် သက်ဆိုင်သောအကြောင်းခြင်းရာများ
ပုဒ်မ ၁၆ ။ လုပ်ရိုးလုပ်စဉ်ရှိကြောင်း
မည်သည့်အခါ စပ်ဆိုင်ခြင်း
ဝန်ခံချက်များ (ပုဒ်မ - ၁၇ မှ ၃၁)
ပုဒ်မ ၁၇ ။ ဝန်ခံချက်ကို
အဓိပ္ပာယ်ဖော်ပြခြင်း
ပုဒ်မ ၁၈ ။ အမှုသည်
(သို့) ၎င်း၏ကိုယ်စားလှယ်မှ ဝန်ခံချက် (Civil)
ပုဒ်မ ၁၉ ။ အမှုသည်နှင့် ဆန့်ကျင်သောအခြေအနေရှိကြောင်း ထင်ရှားပြသရန် လိုအပ်သောသူများ၏ဝန်ခံ ချက်များ(Civil)
ပုဒ်မ ၂၀ ။ တရားမမှုတွင်
အမှုသည်ကအတိအလင်းညွှန်ကြားလိုက်သူ၏ ဝန်ခံချက်များ (Civil)
ပုဒ်မ ၂၁ ။ ဝန်ခံချက်ကို
ဝန်ခံချက်ပြုသူများအပေါ်တွင် ၎င်းတို့က (သို့) ၎င်းတို့အတွက် သက်သေခံတင်ပြခြင်း
ပုဒ်မ ၂၂ ။ စာတမ်းအမှတ်အသားတွင်ပါရှိချက်များနှင့် စပ်လျဉ်း၍ နှုတ်ဖြင့် ဝန်ခံချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၂၃ ။ တရားမမှုများတွင်
ဝန်ခံချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း (Civil)
ဖြောင့်ချက်များ
(Confessions)
ပုဒ်မ ၂၄ ။ ရာဇဝတ်မှုများတွင် သွေးဆောင်၊ ခြိမ်းခြောက်၊ ကတိပြုခြင်း တို့ကြောင့်ရသော ဖြောင့်ချက်သည် မည်သည့် အခါမျှမစပ်ဆိုင်ခြင်း
ပုဒ်မ ၂၅ ။ ရဲအရာရှိထံပေးသောဖြောင့်ချက်ကို
သက်သေခံတင်ပြခြင်းမပြုရ
ပုဒ်မ ၂၆ ။ ရဲထံအချုပ်ခံနေရစဉ်အတွင်း
တရားခံ၏ဖြောင့်ချက်ကို ၎င်းပေါ်တွင် သက်သေခံတင်ပြခြင်းမပြုရ
ပုဒ်မ ၂၇ ။ ရဲထံအချုပ်ခံနေရစဉ်အတွင်း
တရားခံ၏ပြောကြားချက်အနက် မည်မျှသက်သေခံတင်ပြနိုင်ခြင်း
ပုဒ်မ ၂၈ ။ ပုဒ်မ
၂၄ မှ စိတ်များ ကင်းစင်ပြီးမှပေးသော ဖြောင့်ချက်သည် စပ်ဆိုင်ခြင်း
ပုဒ်မ ၂၉ ။ ဖြောင့်ချက်သည် အခြားနည်းမစပ်ဆိုင်လျှင် လျှို့ဝှက်ထားမည်ဆိုသော ကတိစသည်တို့ကြောင့် ပေးသော်လည်း မစပ်ဆိုင်ဟုမဖြစ်နိုင်
ပုဒ်မ ၃၀ ။ ဖြောင့်ချက်ပေးသူနှင့် ပြစ်မှုတစ်မျိုးတည်းတွင် ပူးတွဲစစ်ဆေးခြင်းခံရသူများအပေါ်တွင် ထင်ရှား ပြီးဖြောင့်ချက်ကို စဉ်စားနိုင်ခြင်း
ပုဒ်မ ၃၁ ။ ဝန်ခံချက်များသည်
မုချမှန်သည်ဟု ထင်ရှားခြင်းမဟုတ်၊ သို့သော် သက်သေခံတင်ပြခွင့်ကို ပိတ် ပင် နိုင်သည်
သက်သေအဖြစ်ခေါ်ယူခြင်းမပြုနိုင်သူတို့၏
ပြောတိုချက်များ (ပုဒ်မ - ၃၂၊ ၃၃)
ပုဒ်မ ၃၂ ။ သက်သေအဖြစ်ခေါ်ယူခြင်းမပြုနိုင်သူများမှာ-
-
သေဆုံးပြီးသူ၊
-
ရှာဖွေမတွေ့နိုင်သူ၊
-
သက်သေခံရန် မစွမ်းဆောင်နိုင်သည့် အဖြစ်သို့ရောက်သွားသူ၊
-
ကြန့်ကြာခြင်း၊ စရိတ်ကြီးလေးခြင်းမရှိဘဲ
ဆင့်ခေါ်၍ ရနိုင်မည် မဟုတ်သူ၊
စသူတို့က စာဖြင့်ဖြစ်စေ၊
နှုတ်ဖြင့်ဖြစ်စေ အောက်ပါကိစ္စရပ်များဖြစ်က စပ်ဆိုင်သည်။
(၁) မည်သို့သေဆုံးကြောင်းနှင့်ပတ်သက်သည့်
ပြောဆိုချက်
(၂) လုပ်ကိုင်မြဲအလုပ်နှင့်ပတ်သက်သည့် ပြောဆိုချက်
(၃) ပြောဆိုသူ၏ အကျိုးနှင့် ဆန့်ကျင်သည့်ပြောဆိုချက်
(၄) အများပြည်သူတို့၏ အခွင့်အရေး၊ ဓလေ့ထုံးစံ
(သို့) အများ၏အကျိုးနှင့် သက်ဆိုင်သော အရေးအခင်းများ နှင့်စပ်လျဉ်း၍ ပေးသောထင်မြင်ချက်
(၅) ဆွေမျိုးတော်စပ်ခြင်း ရှိ/မရှိ နှင့်ပတ်သက်သောပြောဆိုချက်
(၆) မိသားစုကိစ္စနှင့်ပတ်သက်၍ သေတမ်းစာ
(သို့) စာချုပ်စာတမ်းပါ ရှိသောပြောဆိုချက်
(၇) ပုဒ်မ ၁၃ အရ ပြောဆိုချက်များ
(၈) ပြဿနာနှင့် ပတ်သက်၍ အများ၏စိတ်သဘောထားကို
ထုတ်ဖော်ပြောဆိုချက်
ပုဒ်မ ၃၃ ။ သက်သေခံချက်တစ်ခုတွင် ပါရှိသော အကြောင်းခြင်းရာသည် မှန်ကန်ကြောင်းကို နောက်တစ်မှုတွင်တင်ပြရန်အတွက် စပ်ဆိုင်ခြင်း
ထူးအကြောင်းခြင်းရာများအရ ဖော်ပြချက်များ
(ပုဒ်မ - ၃၄ မှ ၃၈)
ပုဒ်မ ၃၄ ။ စာရင်းစာအုပ်များတွင်
ရေးသားထားချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း
ပုဒ်မ ၃၅ ။ အများပြည်သူတို့နှင့်သက်ဆိုင်သော မှတ်တမ်းတွင် အလုပ်ဝတ္တရား ဆောင်ရွက်ရာ၌ ရေးမှတ်ထားချက်သည်စပ်ဆိုင်ခြင်း
(မှတ်ချက်။ ။ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၅၄ အရ ရေးမှတ်ထားသော
ပထမသတင်းပေးတိုင်ချက်မှာ ပြည်သူဝန်ထမ်းတစ်ဦးက အလုပ်ဝတ္တရားဆောင်ရွက်ရာတွင် ရေးမှတ်ထားသော
မှတ်တမ်းဖြစ်သည်။)
ပုဒ်မ ၃၆ ။ နယ်ပုံ၊
မြေပုံ၊ ပုံစံများတွင် ဖော်ပြချက်များ စပ်ဆိုင်ခြင်း
ပုဒ်မ ၃၈ ။ ဥပဒေစာအုပ်များတွင်
ပါရှိသော ဥပဒေနှင့် ပတ်သက်သည့် ဖော်ပြချက်များ စပ်ဆိုင်ခြင်း
ဖော်ပြချက်အနက်မည်မျှကို
သက်သေခံတင်ပြရခြင်း (ပုဒ်မ - ၃၉)
ပုဒ်မ ၃၉ ။ (၁) အလွန်ရှည်လျားသော ဖော်ပြချက်၊ (၂) အပြန်အလှန်စကားပြောဆိုချက်၊
(၃) စာတမ်းအမှတ်အသား၊
(၄) စာအုပ်၊
(၅) ပေးစာအဆက်ဆက်များတွင်ပါရှိသောအချက်
တရားရုံး၏ စီရင်ချက်များသည် မည်သည့်အခါစပ်ဆိုင်ခြင်း
(ပုဒ်မ - ၄၀ မှ ၄၄)
ပုဒ်မ ၄၀ ။ ယခင်စီရင်ချက်များသည်
ဒုတိယအကြိမ် တရားမ (သို့) ရာဇဝတ်မှုများကို တားမြစ်ရန်အတွက် စပ်ဆိုင်ခြင်း
ပုဒ်မ ၄၁ ။ သေတမ်းစာအတည်ပြုခြင်းစသော
စီရင်ပိုင်ခွင့်အာဏာအရ ချမှတ်သောစီရင်ချက်များ (Conclusive Proof)
ပုဒ်မ ၄၂ ။
ပုဒ်မ-၄၁ အရ မဟုတ်သော စီရင်ချက်၊ အမိန့်၊ ဒီကရီများ၏ အကျိုးသက်ရောက်ခြင်းနှင့် စပ်ဆိုင် ခြင်း
ပုဒ်မ ၄၃ ။ ပုဒ်မ-၄၁၊
၄၂ တို့တွင် ဖော်ပြမထားသည့် စီရင်ချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း
ပုဒ်မ ၄၄ ။ စီရင်ချက်ကို ရရှိရန် လိမ်လည်လှည့်ဖြားခြင်း (သို့) ပူးပေါင်းကြံစည်ခြင်း (သို့) တရားရုံး၌ အခွင့်အာဏာမရှိခြင်းကို သက်သေထင်ရှားပြသနိုင်သည်
တစ်ပါးသူ၏ထင်မြင်ချက်သည် မည်သည့်အခါစပ်ဆိုင်ခြင်း
(ပုဒ်မ - ၄၅ မှ ၅၁)
ပုဒ်မ ၄၅ ။ ပါရဂူများ၏
ထင်မြင်ချက်များ
ပုဒ်မ ၄၆ ။ ပါရဂူများ၏
ထင်မြင်းချက်များနှင့် သက်ဆိုင်သော အကြောင်းခြင်းရာများ
ပုဒ်မ ၄၇ ။ လက်ရေးပါရဂူ၏
ထင်မြင်ချက်သည် မည်သည့်အခါ စပ်ဆိုင်ခြင်း
ပုဒ်မ ၄၈ ။ အခွင့်အရေး
(သို့) ဓလေ့ထုံးစံ ရှိ/မရှိနှင့် ပတ်သက်သော ထင်မြင်ချက်သည် မည်သည့်အခါ စပ်ဆိုင်ခြင်း
ပုဒ်မ ၄၉ ။ အလေ့အထများ (သို့) အယူဝါဒများ စသည်တို့နှင့် ပတ်သက်သော ထင်မြင်ချက်များသည် မည် သည့်အခါစပ်ဆိုင်ခြင်း
ပုဒ်မ ၅၀ ။ ဆွေမျိုးတော်စပ်ခြင်းအပေါ်
ထင်မြင်ချက်သည် မည်သည့်အခါ စပ်ဆိုင်ခြင်း
ပုဒ်မ ၅၁ ။ ထင်မြင်ချက်အတွက်
အကြောင်းပြချက်များသည် မည်သည့်အခါ စပ်ဆိုင်ခြင်း
အကျင့်စာရိတ္တသည် မည်သည့်အခါစပ်ဆိုင်ခြင်း
(ပုဒ်မ - ၅၂ မှ ၅၅)
ပုဒ်မ ၅၂ ။ တရားမမှုများတွင် စွပ်စွဲထားသော အပြုအမှုကို ထင်ရှားစေရန်အတွက် အကျင့်စာရိတ္တသည် စပ်ဆိုင်ခြင်းမရှိ(Civil)
ပုဒ်မ ၅၃ ။ ရာဇဝတ်မှုများတွင်
ယခင်က အကျင့်စာရိတ္တကောင်းကြောင်းသည် စပ်ဆိုင်ခြင်း
ပုဒ်မ ၅၄ ။ ယခင်က
အကျင့်စာရိတ္တမကောင်းကြောင်းသည် ပြန်လှည်ချေပရန်မှတစ်ပါး စပ်ဆိုင်ခြင်းမရှိ
ပုဒ်မ ၅၅ ။ လျော်ကြေးသတ်မှတ်ရန်အတွက်
အကျင့်စာရိတ္တ (Civil)
အခုလို သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ သက်သေခံကိုဖတ်ရတာ်ပိုလွယ်ူသွားတယ် Thzs
ReplyDeleteကျေးဇူးပါ
ReplyDelete